သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၁၂:၃၀) နာရီမှ (၂:၀၀) နာရီထိ မကွေးမြို့နယ်၊ အ.မ.က(မူလွန်)မြင်းကင်း အခြေခံပညာမူလွန်ကျောင်းတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၃၀၀) ဦးခန့်အား ငလျင်ဘေး၊ မီးဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး(၈) မျိုးဖြစ်ပွားပါက ဆောင်ရန်/ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာများရရှိစေရန်အတွက် ဟောပြောခဲ့ပြီး စာရေး ကိရိယာများဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_ jan2020

 

Sign Up

Upcoming Events