သောက်သုံးရေဖြန့်ဝေမှုသတင်း

 

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ( ၃၀ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၀ : ၀၀ ) နာရီအချိန်တွင် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ် ၊ကြာကန်ကျေး ရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း+ တောင်ပိုင်း)နှင့် အရှေ့ကုန်း(တဲတိုက်)ရှိ ကျေးရွာနေပြည်သူ၊ အိမ်ခြေ (၁၁၃) လုံး၊ အိမ်ထောင် စု (၁၂၄) စု၊ လူဦးရေ (၆၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#mgy_jan2020

Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events