သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀- ၁- ၂၀၂၀ ) ရက်နေ့၊ ( ၀၉ : ၃၀ ) အချိန်မှ ( ၁၂ : ၀၀ ) အချိန်အထိ လယ်ဝေးမြို့နယ်၊ (အ.ထ.က)သပြေပင်ကျောင်းတွင် ကျောင်းသား/သူ (၂၂၀) ဦးအား  သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို  သရုပ်ပြ‌ခဲ့ပြီး သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ  အပြန်အလှန်ပြုလုပ်ပြီးနောက် တက်ရောက်လာ သူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ် ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#ar

#npw_jan2020

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events