လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဖောင်းကွဲ ကျေးရွာအုပ်စု၊တည်ပင်ကျေးရွာတွင် နေ့လယ်(၁၄:ဝဝ)အချိန်၌ ကျေးရွာလူထု(၁ဝဝ)ဦးအား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)