Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့မရပ်ကွက်၊ မဟော်ဂနီလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၄၂၀၀/-)ကျပ်အား (၇-၂-၂၀၂၀)ရက်နေ့ (၁၀း၃ဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_feb 2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ၌ (၆-၂-၂၀၂၀)ရက်နေ့ (၂၂:၁၅)အချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးလူနေအိမ်(၁)လုံအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၃၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စုစာတို့အား (၇-၂-၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရသီရိခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #npw_feb 2020
-
IDPsစခန်းများအတွက်ဆန်ရိက္ခာ(၁)လစာထောက်ပံ့ပြီးစီးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့တွင် မိုးညှင်း မြို့၊ စိန်ပတ်ထရစ်ဘုရားကျောင်းရှိ IDPs စခန်းမှ အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၆၇) ဦးအားလည်း ကောင်း၊ နန့်မွန်းမြို့၊ နှစ်ချင်းဘုရားကျောင်းရှိအိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၁၀၅) ဦးတို့အား ဆန်ရိက္ခာ (၁) လစာအတွက် ဆန်အိတ် (၅၃) အိတ်၊ (၁၀) ပြည်၊ (၄) ဗူးအား သွားရောက် ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲကို ဆရာ/ဆရာမ၊ ကျောင်းသား/သူနှင့် ရပ်ကွက်သူ/သားများ စုစုပေါင်း (၁၄၈)ဦးခန့်တက် ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke _feb2020
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀ )ရက်နေ့တွင် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ ပအိုဝ်စုကျေးရွာ၌ ပြည်သူလူထုအင်အား (၁၅၀)ခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_feb2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၆-၂-၂၀၂၀)နေ့ ကျွန်းစုမြို့နယ် တောပြားကျေးရွာအုပ်စု၊ အ.ထ.ကပန်းဇင်၌ ကျောင်းသားကျောင်းသူ နှင့်ဆရာဆရာမအင်အား (၃၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောကာဗီဒီယိုပြသပြီး လက်ကမ်းစာစောင် နှင့်ဘောပင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_feb2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀) ရက်နေ့၊ နေ့လည်ပိုင်း (၀၁:၀၀)နာရီမှ (၀၂:၃၀)နာရီအချိန်ထိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟိုပန်မြို့နယ်၊ စံပြကေျးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်မဖြစ်ပွားမီဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn _feb2020
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဖေဖော်ဝါရီ ၆ ၊ နေပြည်တော် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းသည် ပြည်သူများ အတွက် မလွဲမသွေဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ အစိုးအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကို အမျိုးသားကော်မတီဖွဲ့စည်းကာ ဒုတိယသမ္မတ(၁) ကဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းကို တာဝန်ယူရသည့် ဝန်ကြီးဌာနများအပြင် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံးက ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စိန်ဒူးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ (၆-၂-၂၀၂၀)ရက်နေ့ (၁၃း၃၀)နာရီမှ (၁၅း၃၀)နာရီအထိ ဆရာ/ဆရာမ (၁၈)ဦး၊ ကျောင်းသား/သူ(၁၈၉)ဦး၊ ကျေးရွာ နေပြည်သူလူထု(၅၆)ဦး၊ စုစုပေါင်း(၂၆၃)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး၊ မုန်တိုင်းအသိ ပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များအား ကျောင်းအုပ်ဆရာမကြီးထံ သို့လှူဒါန်းပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb 2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည်(၆-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)ချိန်မှ (၁၅:၀၀)အချိန်အထိ အေးမြင့်သာယာ စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ သူ (၂၀၂)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ၊နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_feb2020
