လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀) ရက်နေ့၊ နေ့လည်ပိုင်း (၀၁:၀၀)နာရီမှ (၀၂:၃၀)နာရီအချိန်ထိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟိုပန်မြို့နယ်၊ စံပြကေျးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စုစုပေါင်းအင်အား (၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်မဖြစ်ပွားမီဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn _feb2020