
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့တွင် မိုးညှင်း မြို့၊ စိန်ပတ်ထရစ်ဘုရားကျောင်းရှိ IDPs စခန်းမှ အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၆၇) ဦးအားလည်း ကောင်း၊ နန့်မွန်းမြို့၊ နှစ်ချင်းဘုရားကျောင်းရှိအိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၁၀၅) ဦးတို့အား ဆန်ရိက္ခာ (၁) လစာအတွက် ဆန်အိတ် (၅၃) အိတ်၊ (၁၀) ပြည်၊ (၄) ဗူးအား သွားရောက် ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#kcn_feb2020