မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၆-၂-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့မရပ်ကွက်၊ မဟော်ဂနီလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၄၂၀၀/-)ကျပ်အား (၇-၂-၂၀၂၀)ရက်နေ့ (၁၀း၃ဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#bgo_feb 2020

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events