သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စိန်ဒူးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ (၆-၂-၂၀၂၀)ရက်နေ့ (၁၃း၃၀)နာရီမှ (၁၅း၃၀)နာရီအထိ ဆရာ/ဆရာမ (၁၈)ဦး၊ ကျောင်းသား/သူ(၁၈၉)ဦး၊ ကျေးရွာ နေပြည်သူလူထု(၅၆)ဦး၊ စုစုပေါင်း(၂၆၃)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး၊ မုန်တိုင်းအသိ ပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များအား ကျောင်းအုပ်ဆရာမကြီးထံ သို့လှူဒါန်းပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#mgy_feb 2020

 

Sign Up

Upcoming Events