Author Archives: Department of Disaster Management
-
“နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်”
=============================================================== (၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁)ရက်နေ့ထုတ်ပြန်ချက်) “မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များတစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။” အကြံပြုချက် သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၀) (၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
“ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂.၃.၂၀၂၀)ရက်နေ့မှ (၆.၃.၂၀၂၀) ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကနီမြို့နယ်ဦးစီးမှှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၀)ရက်နေ့တွင် ကနီ မြို့နယ်အတွင်းရှိ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည့် ဝင်မနားကျေးရွာအုပ်စုပျဉ်းမှော်ကျေးရွာမှ ပြင်ဆင်ရန် လိုအပ်သော နေအိမ် (၂၉)လုံးနှင့် ကျော်ရွာကျေးရွာအုပ်စု၊ ကံဇီးဘကျေးရွာမှ ပြုပြင်ရန်လိုအပ်သည့် နေအိမ် (၃၆)လုံးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ လူငယ့်အားမာန် CSO အဖွဲ့၊ ဟိတပုညလူမှုရေးအသင်းအဖွဲ့များ ကျေးရွာခွဲတာဝန်ခံရပ်ကျေးစာရေး ရပ်မိရပ်ဖများကျေးရွာမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ha_sgw #sgg_mar2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ (အရှေ့ပိုင်း) ဗိုလ်တဲ(တဲတိုက်)နှင့် ဦးဝိုင်းမောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၂၈) လုံး၊ အိမ်ထောင် စု (၁၃၇) စု၊ လူဦးရေ (၆၄၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂- ၃-၂၀၂၀) ရက်နေ့ (၁၁ : ၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_mar2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၂.၂၀၂၀) ရက်နေ့ (၂၀:၄ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု၊ ကင်းရှေ့ကျေးရွာတွင် မီးဘေးသင့်(လုံးဝပျက်စီး) နေအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း၁၇မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂) သိန်းနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄၂၀၀/-)၊ စုစုပေါင်း (၂၁၄၂၀ဝ/-) ကျပ်တို့ကို ထွေ/အုပ်တို့နှင့်အတူ (၁.၃.၂၀၂၀) ရက် (၁၃:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_mar2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ သပြေလမ်း၊ ကန်ဦးကျောင်း တိုက်အတွင်း အောင်စေပိုင်စေ စေတီတော်အနီးရှိ သီလရှင်ကျောင်းဆောင်၌ (၁-၃-၂၀၂၀) ရက်နေ့ (၁၆:၄၅) နာရီအချိန်တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးကျောင်း ဆောင် (၁) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀/-) ဘေး သင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂,၁၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၂,၁၀၀/-) … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကနီမြို့နယ်မဲဒင်ကျေးရွာအုပ်စု၊ မဲဒင်(မ)ကျေးရွာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများသည် လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်ရန်လိုအပ်မည့် နေအိမ်(၄၉)လုံးအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # otr_sgw #sgg_mar2020
-
ရေကြည်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော Shelter (၅)လုံး အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေကျင်းပမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် Shelter (၅)လုံးနှင့်ပတ်သက်၍ ရေကြည်မြို့နယ် Shelter လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် Shelter ဆောက်လုပ်သည့် ကုမ္ပဏီတာဝန်ခံများနှင့်တွေ့ဆုံပြီး လုပ်ငန်းအားလုံး သတ်မှတ်ကာလအတွင်း အမြန်ပြီးပြတ်စွာဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည့် အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # otr … Read more
-
ရေကြည်မြို့နယ်ဦးစီးမှူးရုံးတည်ဆောက်မှုအားကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၂-၂၀၂၀)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀’ x ၄၀’ x ၂၈’) RCC (၂)ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်းအား ဝင်းထက်ကျော်ကုမ္ပဏီမှ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # otr #ayy_mar2020
