Author Archives: Department of Disaster Management
-
သောက်သုံးရေ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ထီးလသူးခိုကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၃၂၀၀)အား လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ နာယောင်လာကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ ဂါလံ (၁၂၀၀)အား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလုပ်ငန်းအဖွဲ့၏ ကွင်းဆင်းတွေ့ရှိမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ်လ ၄ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော်အစိုးရ၊ UNDP ၊UNHCR တို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UNDP ၊ UNHCR တို့မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာ လုပ်ငန်းအဖွဲ့၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည် … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက်နေ့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် လေးပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အတွက် မိုးညိုမြို့နယ်၊စပါယ်မျှောင်ကျေးရွာအုပ်စုအတွင်းရှိ စပါယ်မျှောင်ကျေးရွာ၊ ညောင်ပင်ကပ် ကျေးရွာ၊ စိန်တိုင်ကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များအား သင့်တင့် သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မေတ္တာပေါင်းကူးပရဟိတအသင်းတို့ နှင့်ပူးပေါင်း၍ ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #bgo_mar2020
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၃-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီချိန်မှ (၁၅:၂၀) နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ/ကျေးရွာသား (၁၃၀)ဦးတို့ကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး တို့ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး(၈)မျိုးပါလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာသို့ ရေသယ်ယာဉ်(၁) စီးဖြင့် သောက်သုံးရေဂါလံ (၁,၂၀၀) အားလည်းကောင်း၊ ကေးလျား ကျေးရွာအုပ်စု၊ လောပလျားကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေဂါလံ (၃,၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၃-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ဒေါဆီးအီကျေးရွာသို့ ရေသယ် ယာဉ် (၁) စီးဖြင့် သောက်သုံးရေဂါလံ (၁,၂၀၀) အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာသို့ ရေသယ်ယာဉ် (၁) စီး ဖြင့် သောက်သုံးရေ ဂါလံ (၃,၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၃-၂၀၂၀) ရက်နေ့၊ (၁၁:ဝဝ) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုလဲရတနာလမ်းနှင့် ပုလဲရတနာ(၂)လမ်းဆုံ၌ ရေဘေးအသိပညာပေးဆိုင်းဘုတ် အားစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #krn_mar2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြို့နယ်ဦးစီးမှူးရုံးဖွင့်ပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)နေ့၊ နံနက် (၉: ၃၀) အချိန်တွင် ပုလောမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာများအား ဦးစီးဌာန၏လုပ်ငန်းတာဝန်များအား တင်ပြဆွေးနွေးကာ လက်ဖက်ရည်မုန့်တို့နှင့် တည်ခင်းဧည့်ခံခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_mar2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့တွင် (အ.ထ.က) ခွဲ(၃) ကြာအင်းဆိပ်ကြီး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦး ဖြင့်ပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သော သိကောင်းစရာများ၊ ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များ နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ မျှဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၃.၂၀၂၀)ရက်နေ့တွင် အ.လ.က (၂)ကျခတ်ချောင်း၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
