လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့တွင် (အ.ထ.က) ခွဲ(၃) ကြာအင်းဆိပ်ကြီး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦး ဖြင့်ပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သော သိကောင်းစရာများ၊ ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များ နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ မျှဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#krn_mar2020
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)