Author Archives: Department of Disaster Management

  • လေဘေးကြိုတင်ကာကွယ်ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကနီမြို့နယ်ဦးစီးမှှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) နှင့် (၁၁-၃-၂၀၂၀) ရက်နေ့များတွင် ကနီမြို့နယ် အတွင်းရှိ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ(၅) ရွာအနက် ကံဇီးဘကျေးရွာနှင့် မဲဒင်ကျေးရွာများတွင် လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိပါကြောင်းသတင်း ရရှိပါသည်။ #ha_sgw #sgg_mar2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၆:၀၀) နာရီအချိန်အထိ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လေဘေးကြိုတင်ပြင်ဆင် ရေး လုပ်ငန်းဆောင်ရွက်မည့် နေအိမ် (၂၀၀) လုံးအနက် မကွေးမြို့နယ်၊ ကြည်တစ်လုံးကျေးရွာနှင့် လိပ်ကန်ကျေးရွာတို့၌ ပြင်ဆင်ရန်လိုအပ်သည့်နေအိမ်အလုံး (၃၀) အား လေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #mgy_mar2020

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မောက်သရက်ကျေးရွာအုပ်စု မောက်သရက်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့မှုကြာင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ်အား (၁၁-၃-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_mar2020

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀)ရက်နေ့၊ စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအုပ်စု၊ သာယာကုန်း‌ ကျေးရွာ(ကမန်)တွင် ကျေးရွားသူ/သား (၁၄၀)ဦးတို့အား နံနက်ပိုင်း တွင်လည်းကောင်း၊ သင်္ဂနက်ကျေးရွာ(ကမန်)တွင် ကျေးရွာသူ/သား (၁၅၀)ဦးတို့အား နေ့လည်ပိုင်းတွင် လည်းကောင်း သဘာဝဘေး‌လျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်း၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကော်ဖီမစ်ထုတ်များဝေငှပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_mar2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဉီးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ စိန်ပန်းပြာ(၁၀) လမ်း၌ (၁၁-၃-၂၀၂၀) ရက်နေ့ (၁၀:၂၅) နာရီအချိန်တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀ဝဝ/-)ကျပ်၊ မီးဘေး သင့်လူဉီးရေ(၄) ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၄၀၈,၄၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး (၂) အိမ် ထောင်စုစာတို့အား (၁၁-၃-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွား … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီမှ (၁၃း၀၀)နာရီ အချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ ငှက်ပျောစုကျးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ဆိုင်သော အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲ ခြောက်ထုပ်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်စီးမှူးရုံး (ဘစမ) #ar #ayy_mar2020

  • ကွင်းဆင်းစစ်ဆေးစစ်ဆေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် ပုလောမြို့နယ်ဦးစီးမှူးရုံးမှ (၁၁.၃.၂၀၂၀)နေ့ ပလောက်မြို့ အမှတ်(၃)နှင့်အမှတ်(၄) ရပ်ကွက်များတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး၊ နေအိမ်များအားဖြည့်စွင်ပြင်ဆင်ခြင်းအား မြို့သဘာဝဘေးကော်မတီနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_mar2020 Source:            မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လယ်မကျေးရွာအုပ်စု၊ ထန်းညှောက်တင်ကျေးရွာတွင် (၁၀-၃-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဉီးရေ(၂)ဉီးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄,၂၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်း (၁၀၄,၂၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စုစာတို့အား (၁၁-၃-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၂:၃၀)နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် … Read more

  •   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တိုင်းဦးစီးမှုးနှင့်တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)အချိန်မှ (၁၁:၀၀)အချိန်အထိ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် /ရှောင်ရန် အချက်များအားလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍လည်းကောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ / ဆရာမများနှင့် ကျောင်းသား / သူများ(၁၅၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည်(၈-၃-၂၀၂၀)နေ့တွင် တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ထင်းဇင်ကျေးရွာအုပ်စု၊ ကမ္မကြီးကျေးရွာတွင် မီးလောင်ဆုံးရှုံးခဲ့သည့်  နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀ိ/-) တိတိအား (၁၁-၃-၂၀၂၀)ရက်နေ့ (၁၁:၀၀) အချိန်တွင် မြို့နယ် ထွေ/အုပ် ဦးစီးဌာနမှ တစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #sgg_mar2020 Source:            တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events