လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တိုင်းဦးစီးမှုးနှင့်တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)အချိန်မှ (၁၁:၀၀)အချိန်အထိ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် /ရှောင်ရန် အချက်များအားလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍လည်းကောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ / ဆရာမများနှင့် ကျောင်းသား / သူများ(၁၅၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_mar2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)