မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

11_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဉီးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ စိန်ပန်းပြာ(၁၀) လမ်း၌ (၁၁-၃-၂၀၂၀) ရက်နေ့ (၁၀:၂၅) နာရီအချိန်တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀ဝဝ/-)ကျပ်၊ မီးဘေး သင့်လူဉီးရေ(၄) ဉီးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၄၀၈,၄၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး (၂) အိမ် ထောင်စုစာတို့အား (၁၁-၃-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွား ရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#npw_mar2020

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events