မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

11_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လယ်မကျေးရွာအုပ်စု၊ ထန်းညှောက်တင်ကျေးရွာတွင် (၁၀-၃-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဉီးရေ(၂)ဉီးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄,၂၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်း (၁၀၄,၂၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စုစာတို့အား (၁၁-၃-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၂:၃၀)နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#mgy_mar2020
 
 
Source: သရက်ခရိုင်ဉီးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events