
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀)ရက်နေ့၊ စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာ(ကမန်)တွင် ကျေးရွားသူ/သား (၁၄၀)ဦးတို့အား နံနက်ပိုင်း တွင်လည်းကောင်း၊ သင်္ဂနက်ကျေးရွာ(ကမန်)တွင် ကျေးရွာသူ/သား (၁၅၀)ဦးတို့အား နေ့လည်ပိုင်းတွင် လည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်း၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကော်ဖီမစ်ထုတ်များဝေငှပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_mar2020