Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၁၀-၃-၂၀၂၀)ရက်နေ့၊ (၂၂:၃၀)အချိန်၌ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိမြစ်တစ်ဖက်ကမ်း၊ မွန်ပြည်သစ် ပါတီထိန်းချုပ်ရေးနယ်မြေအတွင်းရှိ ဆိပ်ကလေးကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာတွင် မီးဘေး ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ အုတ်ညှက်(၂)ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဉီးရေ (၅) ဉီး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် အိမ်ထောင်စု(၁)စု ၊ လူဉီးရေ(၅)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း(၂၁၀,၅၀၀) ကျပ်တို့ကို (၁၃-၃-၂၀၂၀) ရက်နေ့၊ (၁၃:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စု၊ ခနွဲကဘိုကျေးရွာ၌ (၁၂-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၉)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၀)စုစာ၊ Care Myanmar ပိုက်ဖျာ (၁၀)ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂,၉၀ဝ/-) ကျပ်တို့ကို (၁၃-၃-၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် မအူပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မအူပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ … Read more

  • သောက်သုံးရေများဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)၊ ဉီးလှိုင်(တဲတိုက်)၊ ဉီးဝိုင်းမောင်(တဲတိုက်)ရှိ အိမ်ခြေ (၁၃၇) လုံး၊ အိမ်ထောင်စု (၁၄၈) စု၊ လူဦးရေ (၇၀၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၃- ၃-၂၀၂၀) ရက် နေ့ ( ၁၁ : ၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_mar2020 … Read more

  • သောက်သုံးရေထောက်ပံ့လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆို ကျေးရွာအုပ်စု၊ ဒီးကူးလယ်ကျေးရွာနှင့် ဒေါခရော့ခူကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၂၀၀)စီကိုလည်းကောင်း၊ မြို့မ့ကျေးရွာအုပ်စု၊ ထီးသော်တနီးကူးကျေးရွာသို့ သောက်သုံးရေဂါလံ(၃၂၀၀)ကိုလည်းကောင်း သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:           ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀) ရက်နေ့ (၁၉:၄ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော သရက်ချောင်းမြို့နယ်၊ မင်းဒပ်‌ကျေးရွာအုပ်စု၊ ဝင်းဝကျေး ရွာတွင် မီးဘေးသင့်  နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး၊ အိမ်ထောင်စု (၁) စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက်ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း (၂၀၄,၂၀ဝ/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၂-၃-၂၀၂၀)၊ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ လေပြင်း‌‌ဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအ‌ဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်သဘာဝ‌ဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပါအဝင် လူဦးရေ (၁၃)ဦးတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ (၁၃:၀၀)နာရီမှ (၁၆:၀၀)နာရီအချိန်အထိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် ကွင်းဆင်းလေ့လာခြင်းကို‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #kcn_mar2020 Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၆:၀၀) နာရီအချိန်အထိ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ရန်လျာထားသည့် နေအိမ် (၂၀၀) လုံးအနက်မှ မကွေးမြို့နယ်၊ ကြည်တစ်လုံးကျေးရွာနှင့် လိပ်ကန်ကျေးရွာတို့ရှိ နေအိမ် (၃၀) လုံးအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #mgy_mar2020 Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်အထိ ဇီးပြားကျေးရွာအုပ်စု၊ အန်းတားကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များပြုပြင်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #sgw #mgy_mar2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မိုင်းထိပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ခမ်းဆာကျေးရွာအနီးတွင် မိုင်းနင်းမိ၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀ဝ)ကျပ်အား (၁၂-၃-၂၀၂၀) ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် ကျန်ရစ်သူ မိသားစုဝင်များလက်၀ယ်အရောက်ထောက်ပံ့‌‌ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #shn_mar2020 Source: ကျောက်မဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events