လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပါအဝင် လူဦးရေ (၁၃)ဦးတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ (၁၃:၀၀)နာရီမှ (၁၆:၀၀)နာရီအချိန်အထိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် ကွင်းဆင်းလေ့လာခြင်းကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#sgw
#kcn_mar2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)