မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

13_Pic_01

 
(၁၀-၃-၂၀၂၀)ရက်နေ့၊ (၂၂:၃၀)အချိန်၌ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိမြစ်တစ်ဖက်ကမ်း၊ မွန်ပြည်သစ် ပါတီထိန်းချုပ်ရေးနယ်မြေအတွင်းရှိ ဆိပ်ကလေးကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာတွင် မီးဘေး ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ အုတ်ညှက်(၂)ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဉီးရေ (၅) ဉီး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါမီးဘေးကြောင့် အိမ်ထောင်စု(၁)စု ၊ လူဉီးရေ(၅)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၁)စုစာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း(၂၁၀,၅၀၀) ကျပ်တို့ကို (၁၃-၃-၂၀၂၀) ရက်နေ့၊ (၁၃:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#krn_mar2020
 
 
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events