လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀) ရက်နေ့ (၁၉:၄ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအုပ်စု၊ ဝင်းဝကျေး ရွာတွင် မီးဘေးသင့် နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး၊ အိမ်ထောင်စု (၁) စုစာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက်ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း (၂၀၄,၂၀ဝ/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၂-၃-၂၀၂၀)၊ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_fir
#tny_mar2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)