Author Archives: Department of Disaster Management

  • သောက်သုံးရေလှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးနှင့် ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၂၀.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာအုပ်စု တနောကလောကျေးရွတွင် သောက်သုံးရေးဂါလံ(၁၂၀၀)စီဖြင့်လည်းကောင်း၊  ကေးလျားကျေးရွာအုပ်စု၊ ဒေါခူလီကျေးရွာနှင့် မာခရောရှေ့ကျေးရွာအုပ်စု၊ထားလဲကျေးရွာတွင် သောက်သုံးရေဂါလံ (၃၂၀၀)စီအားလည်းကောင်း၊ (၂၁.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဒေါတစီကျေးရွာ၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာနှင့် ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ထီးလသူးခိုကျေးရွာများသို့ သောက်သုံးရေဂါလံ(၃၂၀၀)စီအား လည်းကောင်း၊ (၂၂.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဝှယ်သူတော်ကျေးရွာနှင့် ဖူးကရားခူကျေးရွာသို့ ဂါလံ(၁၂၀၀)စီဖြင့်လည်းကောင်း၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဘီဆိုကျေးရွာနှင့် ဒိုးပရယ်ကျေးရွာတွင် ဂါလံ(၁၄၀၀)အား လည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) အချိန်တွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာမီးဘေးနှင့် (၂၁-၃-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) အချိန်တွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်၊ တပ်သစ်ကျေးရွာမီးဘေးတို့ကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၀) ဦး အတွက် … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကနီမြို့နယ်အတွင်းရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကျေးရွာ (၅) ရွာအနက်မှ ပျဉ်းမှော်ကျေးရွာနှင့် ကံဇိဘကျေးရွာများတွင် လေပြင်းဘေးကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ အား (၂၂-၃-၂၀၂၀) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်မီးသတ်အဖွဲ့ဝင်များ၊ မြတ်ပါရမီ လူမှုရေး အသင်းအဖွဲ့များ၊ ကျေးရွာခွဲတာဝန်ခံရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာမှ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #sgg_mar2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ် ခနောင်ကျေးရွာအုပ်စု၊ ခနောင်ကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များ အားဖြည့်ပြုပြင်ပေးခြင်းတို့ကို ဘိုကလေးမြို့နယ် ခနောင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source:       ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀) ရက်နေ့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ၀မ်အွန်ကျေးရွာအုပ်စု၊ အင်၀မ်မတ် ကျေးရွာ၌ နေအိမ်အလုံး (၆၀) မီးဘေးသင့်ခဲ့ရာ နေအိမ်တစ်လုံးလျှင် အမိုးသွပ် (၂၀) ချပ်နှုန်းဖြင့် သွပ် (၁၂၀၀) ချပ်အား (၂၂-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_mar2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၂၀-၃-၂၀၂၀)ရက်နေ့၌ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ အုပ်စု၊ ကွိုင်ငံရွာဟောင်းကျေးရွာတွင် မီးကြွင်းမီးကျန်မှ မီးလောင်မှုကြောင့် နေအိမ်(၁) လုံးပျက်စီးခဲ့ရာ အိမ်ထောင်စု (၁) စု၊ လူဉီးရေ (၃)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ(၆,၃၀ဝ) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၀၆,၃၀ဝ) ကျပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၂-၃-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီတွင် … Read more

  • နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ပရဟိတကျောင်းများတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းဆောင်ရွက်

    နေပြည်တော်၊ မတ်လ ၂၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်သည် လူမှုဝန်ထမ်းဦးစီးဌာန၊    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်   တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတ ဂေဟာများဖြစ်သော အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက်ရှိ အေးမေတ္တာစံ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ပြင်ကြီး သာသနာ့ ဝေပုလ္လ သီလရှင်စာသင်တိုက်များသို့သွားရောက်၍ ယခုလတ်တလော ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) နှင့် ပတ်သက်၍ သီလရှင်များ၊ ဂေဟာမှူးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများအား ကျန်းမာရေးအသိပညာပေးခြင်းများကို … Read more

  • သောက်သုံးရေလှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် သောက်သုံးရေ ဂါလန် (၁၂၀၀)အားလည်ကောင်း၊ မွန်းလွဲ(၂)နာရီတွင် ပါဆန်းကျေးရွာတွင် ဂါလန် (၁၂၀၀)အားလည်ကောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျောက်၊ မြို့နယ်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကျေးရွာရှိ‌ရေလှောင်ကန်များထဲသို့ သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #shn_mar2020 Source:                       မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားသွားရောက်ကြည့်ရှုမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရေတွင်းဆိပ်ကျေးရွာအုပ်စု၊‌ရှော်နီကျေးရွာ၌ Trust & Gain Co. Ltd က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌ကော်မတီ၏ ရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်ခြင်း (၁၀၀%)ပြီးစီးမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dep #ayy_mar2020 Source:           လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events