လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

23_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ် ခနောင်ကျေးရွာအုပ်စု၊ ခနောင်ကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များ အားဖြည့်ပြုပြင်ပေးခြင်းတို့ကို ဘိုကလေးမြို့နယ် ခနောင်ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#prep_sgw

#ayy_mar2020

Source:       ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events