Author Archives: Department of Disaster Management

  • COVID-19 နှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၀:၃၀)မှ စတင်ပြီး မိုးညိုမြို့ပေါ်ရပ်ကွက်နှင့် မိုးညိုမြို့အနီးရှိ ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #‌bgo_mar2020 Source:           မိုးညိုမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ (၂၈-၃-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ညောင်သပြေကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် လောင်းကောင်းကျေးရွာများတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #‌sgg_mar2020 Source:           မော်လိုက်ခရိုင်ဉီးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေတင်ပြခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရေပေါ်ဈေး၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာ၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာနှင့် မရမ်းချောင်းကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီဌာနမှ ဝန်ထမ်းများနှင့် အတူ (၂၈-၃-၂၀၂၀)ရက်နေ့၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #‌ayy_mar2020 Source:           ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး(ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ(၂၈) ရက်နေ့တွင် ထွေ/အုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ စိမ်းလန်းဘဝလူမူဖွံ့ဖြိုးရေးအသင်း GLAD မိတ်ဆွေကောင်းပရဟိတအဖွဲ့များနှင့်အတူ နမ္မတူမြို့နယ်အတွင်းရှိ IDPs စခန်းများဖြစ်သည့် လီဆူ camp၊ ကြူဆော့ camp၊ ကချင်နှစ်ခြင်း camp များမှ အိမ်ထောင်စု (၁၂၉) စု လူဉီးရေ (၅၉၆)ဉီးအား COVID 19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရန် ပြည်သူသို့ပန်ကြားချက် စာစောင်များဖြန့်ဝေခြင်း လက်ကိုင်အသံချဲ့စက်ဖြင့် ဟောပြောဆွေးနွေးခြင်း ဗီနိုင်းစာစောင်များချိတ်ဆွဲခြင်း လက်ဆေးဆပ်ပြာများဝေငှခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • Covid 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၃.၂၀၂၀)ရက်နေ့ ညနေ (၂၀း၃၀) အချိန်မှ (၂၂း၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တံခွန်၊ အောင်ချမ်းသာ၊ အောင်တော်မူ၊ ရွှေပေါက်ပင် ရပ်ကွက်များတွင်လှည့်လည်၍covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_mar2020 Source:             ပေါက်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

  • ပေါက်မြို့ အဝင်အထွက်ယာဉ်လိုင်းများအား COVID 19 နှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၃.၂၀၂၀)ရက်နေ့ နံနက် (၀၉း၃၀) အချိန်မှ (၁၆း၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင် ပေါက် – ပခုက္ကူ လမ်းမကြီးမှ ပေါက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင်စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_mar2020 Source:           ပေါက်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ (၁၇:၀၀)နာရီ ညောင်ဦးမြို့နယ်အတွင်းရှိ မြင်းကပါကျေးရွာ၊ မင်းနန်သူကျေးရွာနှင့် အနောက်ဖွားစောကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။   #ar #mdy_mar2020 Source:           ညောင်ဦးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events