Author Archives: Department of Disaster Management
-
mask campaign ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၃.၁၂.၂၀၂၀)နေ့(၀၇း၃၀)နာရီမှ(၀၉း၀၀)နာရီအချိန်ထိ ကသာမြို့၊ အထက(၁) ကျောင်းရှေ့၌ အခြားဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ mask campaign ပြုလုပ်ခြင်းနှင့် မီးဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေသန်ဆေးထုပ်များအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ်အတွင်း တွင်းရေ၊ ကန်ရေနှင့် မြစ်ရေအား အသုံးပြုသည့်ရပ်ကွက်၊ ကျေးရွာတို့တွင် ရေသန့်စင်နိုင်ရန်အတွက် ခန္တီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ ရေသန့်ဆေး(၂၄၀)ထုပ်ပါ (၃)ဖာအားလည်းကောင်း၊ ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ရေသန့်ဆေး(၂၄၀)ထုပ်ပါ (၁)ဖာအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #sgg_dec2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု၊ တောက္ကရှပ်ကျေးရွာ၊ ကံသာကုန်းကျေးရွာ၊ မြေထူးကျေးရွာအုပ်စု၊ မြေထူးကျေးရွာ၊ မှော်တော် ကျေးရွာ၊ လင်းတအံကျေးရွာ၊ ငါးရံ့အိုင်ကျေးရွာများသို့ သွားရောက်ပြီး မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု ဆက်လက်မဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ #ar #sgg_dec2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၁၀) နာရီအချိန်၌ ဘားအံမြို့နယ်၊ တရုတ်လှ ကျေးရွာအုပ်စု၊ တရုတ်လှကျေးရွာ အမှတ် (၁) ရပ်ကွက်၊ ရွာလယ်လမ်းတွင် နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ မီးဘေးကြောင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် unicef myanmar မှ လှူဒါန်းထားသည့် Hygiene Kit (E)2020 (၁) ဖာ၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့၊ ခေါ်ခူရှမ်း ရပ်ကွက်၊ ခေါ်ခူကယားရပ်ကွက်၊ မြို့မရှမ်းရပ်ကွက်၊ မြို့မကယန်းရပ်ကွက်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနှင့် ဖောင်းတောကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_dec2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ် ကျေးနင်းကျေးရွာ၊ သလဘာကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ ပြေကန်ကျေးရွာ၊ မင်းစားကျေးရွာ၊ ဒိုင်ကြီးကျေးရွာနှင့် အံ့စရာကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ် အုပ်စု၊ ယင်းဆယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်တို့ကို (၂၃-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020
-
ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် သံဃာ (၅) ပါးအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ် တရားတော်နာယူပြီးနောက် နံနက် (၉:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားသက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #office_dev #mdy_dec2020 Source: ရမည်းသင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်သန့်ဆေးရည်ဘူးများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Hand Sanitizer (500 ml)ပါ (၅၀) ဘူးနှင့် မင်းလှမြို့နယ် အပ္ပမာဒလူမှုကူညီရေးအသင်းသို့ Hand Sanitizer (500 ml)ပါ (၅၀) ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_dec2020
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လွိုင်လင်မြို့၊ သဘာဝတရားရိပ်သာ(မိဘမဲ့ဂေဟာ)၌ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါလက်သန့်ဆေးရည်များ၊ (၃၀၀၀)gပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol) ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာနှင့် သန့်ရှင်းရေးသုံးပလပ်ရှည်စသည်တို့အား ရိပ်သာတာဝန်ခံဆရာလေးမာလာဝတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး Covid-19 အသိပညာပေးဗွီနှိုင်းများကပ်ခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
