လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် သံဃာ (၅) ပါးအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ် တရားတော်နာယူပြီးနောက် နံနက် (၉:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားသက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#office_dev
#mdy_dec2020
Source: ရမည်းသင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)