COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု၊ တောက္ကရှပ်ကျေးရွာ၊ ကံသာကုန်းကျေးရွာ၊ မြေထူးကျေးရွာအုပ်စု၊ မြေထူးကျေးရွာ၊ မှော်တော် ကျေးရွာ၊ လင်းတအံကျေးရွာ၊ ငါးရံ့အိုင်ကျေးရွာများသို့ သွားရောက်ပြီး မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု ဆက်လက်မဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

#ar
#sgg_dec2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events