
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၁၀) နာရီအချိန်၌ ဘားအံမြို့နယ်၊ တရုတ်လှ ကျေးရွာအုပ်စု၊ တရုတ်လှကျေးရွာ အမှတ် (၁) ရပ်ကွက်၊ ရွာလယ်လမ်းတွင် နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါ မီးဘေးကြောင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် unicef myanmar မှ လှူဒါန်းထားသည့် Hygiene Kit (E)2020 (၁) ဖာ၊ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family kit (၁) စုံ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်အား (၂၂-၁၂-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) အချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#krn_dec2020