Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လွိုင်လင်မြို့၊ သဘာဝတရားရိပ်သာ(မိဘမဲ့ဂေဟာ)၌ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါလက်သန့်ဆေးရည်များ၊ (၃၀၀၀)gပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol) ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာနှင့် သန့်ရှင်းရေးသုံးပလပ်ရှည်စသည်တို့အား ရိပ်သာတာဝန်ခံဆရာလေးမာလာဝတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး Covid-19 အသိပညာပေးဗွီနှိုင်းများကပ်ခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_dec2020

Sign Up

Upcoming Events