Author Archives: Department of Disaster Management

  • ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ထီးကလူဒေါကျေးရွာ၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ထီးပေါ်ဆိုကျေးရွာ၊ ဒေါညေးခူကျေးရွာ၊ ထီးသော်ကူးကျေးရွာ၊ ကဒါးလားကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့  (၂၀:၀၀) နာရီအချိန်မှ (၂၃:၀၀)နာရီချိန်အထိ စတင်ပြီး ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်၊ ရန်လင်း(၁၊၂၊၃)လမ်း၊ ပန်းပေါင်းရပ်၊ ကံလှရပ်ကွက်၊ ကုန်းကြီးအုပ်စု၊ မြို့ရှောင်လမ်းနဘေးရှိကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အခြားဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၀-၄-၂၀၂၀)ရက်နေ့ နံနက် (၆း၃၀)အချိန်တွင် လွိုင်လင်မြို့မစျေး၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 )အသိပညာပေးခြင်း၊ maskများပေးဝေခြင်းl Hand Gelဖြင့် လက်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_apr2020 Source:           လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေးမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ မွန်ပြည်နယ်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၀:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌‌ ရေးမြို့နယ်၊ ရွာကလေးကျေးရွာ၊ အပ္ပလွိုင်ကျေးရွာနှင့် အာယုတောင်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။  

  • ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ခရိုင်သာသနာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၄-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီမှ(၁၆:၃၀) နာရီထိ ကော့ကရိတ်မြို့၊ Quarantine စခန်းများရှိ (၁၄) ရက် စောင့်ကြပ်ကြည့်ရှူခံရသူများအား စခန်းတွင်နေထိုင်စဥ်အချိန်နှင့် မိမိတို့နေအိမ်ပြန်လည်ရောက်ရှိပါက လိုက်နာရမည့်စည်းကမ်းများအား လိုက်လံရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • မီးဘေးသင့်အဆောက်အဦအတွက် ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်အတွင်းရှိ ကန်ကြီးအောင်မင်္ဂလာ ဘုန်းကြီးကျောင်းတွင် (၈-၄-၂၀၂၀) ရက်နေ့(၁၂:၀၀)နာရီအချိန်၌ တောမီးမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းအတွက်ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်နှင့် ဘုန်းတော်ကြီး (၂) ပါးအတွက် သင်္ကန်း (၂)စုံ တို့ကို (၉-၄-၂၀၂၀)ရက်နေ့ တွင် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လက်ဝယ်အရောက် လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရှိရ ပါသည်။ … Read more

  • COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှု ဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၉-၄-၂၀၂၀ ရက်နေ့ (၁၁:၀၀) မှ (၁၇:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ ကောင်းဟိန်ကျေးရွာ၊ အရှေ့ကောက်တောင်း ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ  COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း၌ ယာဉ်ဝင်/ထွက် များတွင် စီးနင်းးလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_apr2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ၊ အေးမြသာယာရပ်ကွက်၊ မော်ဖာင်းရပ်ကွက်၊ ရွှေအိုက်ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကွန်းဖောင်​ဒေးရှင်းလူငယ်အဖွဲ့များနှင့်ပူးပေါင်းပြီး (၉-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၁၂:၃၀)နာရီအချိန်အထိ ဖားကန့်မြို့နယ်၊​​ မှော်ဝမ်းစျေး၊ နမ့်မဖြစ်ကျေးရွာ KBC IDPs စခန်း၊ လယ်ပြင်ကျေးရွာ၊ မော်စီစာကျေးရွာ၊ မြို့မရပ်ကွက်နှင့် ဖားကန့်ကလပ်ကုန်းစျေးတို့ရှိ ပြည်သူများအားလည်းကောင်း၊ (၁၄:၀၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်အထိ တောင်ပြိုကျေးရွာ၊ ဗလခကျေးရွာ၊ မော်မောင်းလယန်ကျေးရွာ၊ အေးမြသာယာရပ်ကွက်နှင့် ဗလခကျေးရွာ၊ ယူနတီလုပ်ကွက်တို့ရှိ ပြည်သူများနှင့်ရွေ့ပြောင်းအလုပ်သမားများအားလည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုအသိပညာပေးနှိုးဆော်ခြင်း၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းတို့ ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

Sign Up

Upcoming Events