မီးဘေးသင့်အဆောက်အဦအတွက် ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်အတွင်းရှိ ကန်ကြီးအောင်မင်္ဂလာ ဘုန်းကြီးကျောင်းတွင် (၈-၄-၂၀၂၀) ရက်နေ့(၁၂:၀၀)နာရီအချိန်၌ တောမီးမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းအတွက်ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်နှင့် ဘုန်းတော်ကြီး (၂) ပါးအတွက် သင်္ကန်း (၂)စုံ တို့ကို (၉-၄-၂၀၂၀)ရက်နေ့ တွင် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လက်ဝယ်အရောက် လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရှိရ ပါသည်။
#ha_fir
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events