လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်မှ (၁၀:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ရွာကလေးကျေးရွာ၊ အပ္ပလွိုင်ကျေးရွာနှင့် အာယုတောင်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။