လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့ (၂၀:၀၀) နာရီအချိန်မှ (၂၃:၀၀)နာရီချိန်အထိ စတင်ပြီး ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်၊ ရန်လင်း(၁၊၂၊၃)လမ်း၊ ပန်းပေါင်းရပ်၊ ကံလှရပ်ကွက်၊ ကုန်းကြီးအုပ်စု၊ မြို့ရှောင်လမ်းနဘေးရှိကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။