Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောင်မင်္ဂလာ(၂) လမ်းတွင် (၄-၁-၂၀၂၁) ရက်နေ့ (၀၃:၃၀) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးမီးလောင်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၁) ဦးတို့မီးဘေးသင့်ခဲ့ပါသဖြင့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ် ၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more

  • လက်သန့်ဆေးရည်နှင့်ရေသန့်ဆေးများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်မြင်းမူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ ဝေးခန်းမ၌ မြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ရေသန့် ဆေးရည် (၂၄၀) ထုပ်ပါ (၃) ဖာ၊ လက်သန့်ဆေးရည် (၅၀) ဘူးထောက်ပံ့လှူဒါန်းခြင်းနှင့် မြို့နယ်အတွက်မီးဘေး၊ ငလျင်ဘေး သဘာဝဘေးလက်ကမ်းစာစောင်များ ပေးအပ်မှုတွင် လွှတ်တော်ကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jan2021 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၁) ရက်နေ့ (၁၃:၃၅) နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ( ၈,၄၀၀/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ သေဆုံးကလေး(၂) ဦးအတွက်ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၀၈,၄၀၀/-) ကျပ်၊ … Read more

  • Cyclone Shelter (၁၀၀%) တည်ဆောက်ပြီးစီးမှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြိတ်ခရိုင်ရုံးနှင့် တနင်္သာရီ မြို့နယ်ရုံးများမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၁) ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာတွင် တည်ဆောက်လျက်ရှိသော Cyclone Shelter (၁၀၀%) ပြီးစီးမှုကို သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #infra_dev #tny_jan2021

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ ကသာမြို့‌ပေါ်ရှိရပ်ကွက်များတွင် Covid -19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား ပြည်သူလူထုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်တွင် (၁-၂-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ(၂၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိူးတို့အား (၂-၁-၂၀၂၁)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #kcn_jan2021

  • ဆပ်ပြာခဲလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁-၂၀၂၁) ရက်နေ့၊ (၁၂:၃၀) အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDP စခန်းတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ဆပ်ပြာ(၃)လစာ (သြဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ) (၃၀၃၀) တောင့်အား စခန်းစီမံခန့်ခွဲမှုကော်မတီဝင် များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_jan2021

  • ရေသန့်ဆေးရည်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ မြစ်ရေ၊ ချောင်းရေကို သောက်ရေ အဖြစ် အသုံးပြုရသော ကျေးရွာများအတွက် ရေသန့်ဆေး များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အသုံးပြုပုံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ #sgg_dec2020     Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ် (၄) ရပ်ကွက်၊ (၁၈) လမ်းထိပ်၌ မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအသိပညာများရရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ဆိုင်ရာ ပညာပေး (၉’x၆’) ဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ayy_dec2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ် (၁၁) ခုတွင် ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၈၅၆) စု၊ လူဦးရေ (၃,၈၀၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုး ထောက်ပံ့ငွေ (၃၄,၂၃၆,၀၀ဝ/-) အား အမ်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၃၀-၁၂-၂၀၂၀) ရက် နေ့ (၁၅:၃၀) နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events