Author Archives: Department of Disaster Management
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါး မြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ၊ ကံကလေးကျေးရွာ၊ ဘာဘူကုန်းကျေးရွာ၊ သူဌေးကုန်း ကျေးရွာ၊ တောင်ခင်ကျေးရွာ၊ ဘုရားငုတ္တိုကျေးရွာနှင့် အလှိုင်ကျေးရွာတို့တွင် (၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစတင်၍ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဂ-ရပ်ကွက်၊ င-ရပ်ကွက်၊ ရန်အောင်ရပ်ကွက်၊ သုမင်္ဂလာရပ်ကွက်၊ နနွင်းကုန်းရပ်ကွက်၊ ဆ-(က/ခ)ရပ်ကွက်၊ ဇ(တောင်/မြောက်)ရပ်ကွက်၊ ငမိုးရိပ်ရပ်ကွက်၊ စံပြရပ်ကွက်၊ လေးဒေါင့်ကန်ရပ်ကွက်များတွင် လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ညောင်သုံးပင်ကျေးရွာအုပ်စု၊ အမှုထမ်းရပ်ကွက်အုပ်စု၊ အုတ်ဖိုစုရပ်ကွက်၊ ညောင်လေးပင်ကျေးရွာတို့တွင် တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့်အတူ Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ … Read more
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ (၀၈း၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ၊ (၁၁း၃၀) နာရီအချိန်ထိ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့ အမှတ်(၁)၊ အမှတ်(၂) ရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့နှင့် ပူးပေါင်း၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ်၊ ကျေးရွာအုပ်စု (၁၂) စုတွင် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၇:၁၀)နာရီတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သောနေအိမ် (၃၈)လုံးနှင့် ပြိုလဲပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၅၅,၀၀၀/-)ကျပ်၊ လူဦးရေ(၁၇၈)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၃၇၃,၈၀၀/-) ကျပ်တို့အား (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီချိန်၌ ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကျေးရွာများတွင် (၂၁-၄-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၃၅)စု၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု (၉) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၉) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇၃,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၃၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၃၀၃,၈၀၀/-) ကျပ်အား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၅း၃၀) အချိန်တွင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ညနေ တွင် (၁၇:၃၀) နာရီမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အိုးဘိုတောင်ရပ်ကွက်၊ အောင်ချမ်းသာမြို့သစ် ရပ်ကွက်၊အောင်ချမ်းသာရပ်ကွက်နှင့် ကွေ့ကြီးရပ်ကွက်များတွင် COVID-19 ရောဂါကူးစက်မှုမပြန့်ပွားရေးအတွက် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #sgg_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကွာလာချန်းဖန်းကျေးရွာနှင့် ဘန်နွားကျေးရွာအတွင်းရှိ ပြည်သူများအား covid_19 ရောဂါနှင့် ပက်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊Hand Speakerဖြင့်လိုက်လံဆော်သြုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_apr2020
-
COVID-19 ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူပူးပေါင်း၍ သက္ကယ်ကျင်းကျေးရွာအုပ်စုရှိ သက္ကယ်ကျင်းကျေးရွာ၊ ရွာသာကုန်းကျေးရွာ၊ ထွန်ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာ၊ ကျွန်းချောင်းကျေးရွာအုပ်စုရှိ ကျွန်းချောင်းကျေးရွာ၊ သင်းပေါင်းကျေးရွာနှင့် ပေပင်ကျင်းကျေးရွာတို့တွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: … Read more
-
သောက်သုံးရေဖြန်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာနှင့် ဘီဆိုကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၄၀၀)စီအား သွားရောက် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_apr2020
