Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဂ-ရပ်ကွက်၊ င-ရပ်ကွက်၊ ရန်အောင်ရပ်ကွက်၊ သုမင်္ဂလာရပ်ကွက်၊ နနွင်းကုန်းရပ်ကွက်၊ ဆ-(က/ခ)ရပ်ကွက်၊ ဇ(တောင်/မြောက်)ရပ်ကွက်၊ ငမိုးရိပ်ရပ်ကွက်၊ စံပြရပ်ကွက်၊ လေးဒေါင့်ကန်ရပ်ကွက်များတွင် လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ညောင်သုံးပင်ကျေးရွာအုပ်စု၊ အမှုထမ်းရပ်ကွက်အုပ်စု၊ အုတ်ဖိုစုရပ်ကွက်၊ ညောင်လေးပင်ကျေးရွာတို့တွင် တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့်အတူ Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ နှင့် လူမှုရေးအသင်းဖွဲ့များမှ တာဝန်ရှိသူများနှင့် အတူ အသိပညာပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#ygn_ apr 2020

Sign Up

Upcoming Events