လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူပူးပေါင်း၍ သက္ကယ်ကျင်းကျေးရွာအုပ်စုရှိ သက္ကယ်ကျင်းကျေးရွာ၊ ရွာသာကုန်းကျေးရွာ၊ ထွန်ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာ၊ ကျွန်းချောင်းကျေးရွာအုပ်စုရှိ ကျွန်းချောင်းကျေးရွာ၊ သင်းပေါင်းကျေးရွာနှင့် ပေပင်ကျင်းကျေးရွာတို့တွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)