လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကျေးရွာများတွင် (၂၁-၄-၂၀၂၀) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၃၅)စု၊ ပြိုကျပျက်စီးခဲ့သည့်  အိမ်ထောင်စု (၉) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၉) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇၃,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၃၀,၀၀၀/-) ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ  (၂,၃၀၃,၈၀၀/-) ကျပ်အား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၅း၃၀) အချိန်တွင် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌sgg_apr2020

Source: ရွေဘိုခရိုင်ဦးစီးမှူးရုံး  (ဘစမ)

Sign Up

Upcoming Events