လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ်၊ ကျေးရွာအုပ်စု (၁၂) စုတွင် (၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၇:၁၀)နာရီတွင် ဖြစ်ပွားခဲ့သော ​‌လေဘေး​ကြောင့် အမိုးလန်ပျက်စီးခဲ့သောနေအိမ် (၃၈)လုံးနှင့် ပြိုလဲပျက်စီး​​နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၅၅,၀၀၀/-)ကျပ်၊ လူဦးရေ(၁၇၈)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၃၇၃,၈၀၀/-) ကျပ်တို့အား (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီချိန်၌ ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ​လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#‌sgg_apr2020

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events