Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက် နေ့တွင် မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာ၊ ကုန်းရင်းကျေးရွာ၊ သင်တောကျေးရွာ၊ ညောင်ပင် သာ ကျေးရွာ၊ ဘင်ကျေးရွာနှင့် အုန္နဲဘုတ်ကျေးရွာတို့၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ကြေငြာခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းလှမြို့နယ်အတွင်း (၂၁-၄-၂၀၂၀) ရက်နေ့(၁၇:၃၀) အချိန်၌ဖြစ်ပွား‌ခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (၅၆) လုံးနှင့် ဘုန်းကြီးကျောင်း (၃)ကျောင်းအတွက် အိမ်/ ကျောင်းဆောက်ပစွည်းဖိုးထောက်ပံ့ငွေ(၁,၈၇၅,၀၀ဝ/-)ကျပ်နှင့် လူဦးရေ(၂၆၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၅၈,၆၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂,၄၃၃,၆၀ဝ/-)ကျပ်အား (၂၃-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) အချိန်တွင် ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်အတွင်း (၂၁-၄-၂၀၂၀) နေ့ဖြစ်ပွားသော လေဘေးတွင် လေဘေးဒဏ်သင့်ခဲ့သည့်  သင်တောကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ ဘင်ကျေးရွာတို့မှ အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၃၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀၀) ကျပ်၊ စုစုပေါင်း (၉၂၃၀၀၀) ကျပ်တို့ကို (၂၃-၄-၂၀၂၀) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဆားလင်းကြီးမြိူ့နယ်၊ ချောင်းရိုးကျေးရွာအုပ်စု၊ ရုံးပင်ရိုးကျေးရွာအုပ်စု၊ သမ္မတော ကျေးရွာအုပ်စု၊ လင်းစကျက်ကျေးရွာအုပ်စု၊ ကျိုင်းခမောက်ကျေးရွာအုပ်စု ၊ ဘုတ်စုကျေးရွာအုပ်စု၊ ရွာသမင်းကျေးရွာအုပ်စု၊ ပန်းထူးကျေးရွာအုပ်စုရှိ လေဘေးသင့်အိမ်ထောင်စုများဖြစ်သော အမိုး လန်နေအိမ်(၁၂၆)လုံး၊ ပြိုကျနေအိမ်(၃)လုံး၊ ဘုန်းကြီးကျောင်း(၈)‌ကျောင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၂၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၂၉၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၇၄၉၈၀၀)ကျပ်နှင့် ကယ်ဆယ်‌ရေးပစ္စည်း(၁၀)မျိုး၊ (၃)အိမ်ထောင်စာ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: … Read more

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘာလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာအုပ်စု၊ ဟော်ခမ်းကျေးရွာနှင့် စောလံကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များအား အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘာလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_ apr 2020

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ပင်တိန်ကျေးရွာ၊ နောင်ပိန်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ‌ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်၊ ဥယာဉ်ရပ်ကွက်၊​​​ ပေါ့မိုင်ရပ်ကွက်၊ နာဟောင် ရပ်ကွက်၊ ​နောင်ကျော့ရပ်ကွက်များ၌ ယခုလတ်တလော ဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID-19) နှင့်ပတ်သက်၍ ဗမာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးပန်ကြား​​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းဝကျေးရွာအုပ်စု၊ ပိုးလောင်းဝကျးရွာ၊ စမ်းချောင်းလေးကျေးရွာ၊ လင်းကွင်းကြီးကျေးရွာ၊ အရှေ့စုကျေးရွာ၊ မဲကျော်ကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာ၊ နောင်စခန်းကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ apr 2020

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဇဟာကျေးရွာနှင့် ပုလုကုံးကျေးရွာတို့တွင် အသံချဲ့စက်အသုံးပြု၍ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် ဦးစီးဌာန(ရုံးချုပ်)မှပေးပို့ထားသော အသံဖိုင်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ‌ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက် နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ သပြေစမ်း(တောင်)ကျေးရွာ၊ သပြေ စမ်း(မြောက်)ကျေးရွာနှင့် စမ်းရိုးကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီး ဌာနတို့နှင့်အတူ ပူးပေါင်း၍  ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events