လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းလှမြို့နယ်အတွင်း (၂၁-၄-၂၀၂၀) ရက်နေ့(၁၇:၃၀) အချိန်၌ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (၅၆) လုံးနှင့် ဘုန်းကြီးကျောင်း (၃)ကျောင်းအတွက် အိမ်/ ကျောင်းဆောက်ပစွည်းဖိုးထောက်ပံ့ငွေ(၁,၈၇၅,၀၀ဝ/-)ကျပ်နှင့် လူဦးရေ(၂၆၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၅၈,၆၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂,၄၃၃,၆၀ဝ/-)ကျပ်အား (၂၃-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) အချိန်တွင် ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)