Author Archives: Department of Disaster Management

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ သရက်‌တောကျေးရွာနှင့် အာသံကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များကို ပြည်သူသို့ ပန်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာများ ကပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source:           မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၄၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာ၌လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ ကွင်းကြီးကျေးရွာ၌လည်းကောင်း၊ (၁၂:၄၅)နာရီအချိန်မှ (၁၃:၄၅)နာရီအချိန်အထိ စပါယ်ရိုးကျေးရွာ၌လည်းကောင်း၊ (၁၃:၄၅)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သပြုပင်ကျေးရွာ၌လည်းကောင်း၊ (၁၅:၀၀)နာရီအချိန်မှ (၁၆:၄၅)နာရီအချိန်အထိ ရေနံသာကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် စစ်တွေမြို့၊ ခေါင်းဒုက္ကာ IDP စခန်း၌ရှိ အိမ်ထောင်စု (၇၈၇) စုအတွက် ဆပ်ပြာတောင့် (၇၈၇)တောင့်နှင့် Mask (၁၅၇၄) ခုကိုလည်းကောင်း၊ သဲချောင်း IDP စခန်း၌ရှိ အိမ်ထောင်စု (၂၀၈၈)စုအတွက် ဆပ်ပြာတောင့် (၂၀၈၈)တောင့်နှင့် Mask (၄၁၇၆) ခုနှင့် Thermal Sensor (၁)ခုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2020 Source:           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more

  • ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၌ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၅၃)စုအတွက် ဆပ်ပြာတောင့် (၅၃)တောင့်နှင့် Mask (၁၀၆) ခုကိုလည်းကောင်း၊ သဲချောင်း(ရခိုင်)ရွာ၌ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂)စုအတွက် ဆပ်ပြာတောင့် (၁၂)တောင့်နှင့် Mask (၂၄) ခုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2020 Source:           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (တောင်ပိုင်း၊ အနောက်ပိုင်း) နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင် စု(၁၁၇) စု၊ လူဦးရေ (၅၁၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၃- ၄-၂၀၂၀) ရက်နေ့၊ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း … Read more

  • မိုးကြိုးဘေးသင်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ မိုးသီးကြွေကျပြီးမိုးကြိုးပစ်ခတ်မှုကြောင့် ဖောင်းပြင်မြို့နယ်၊ အောက်တောင်းကျေးရွာအုပ်စု၊ ကံထူးချောင်ကျေးရွာနေ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် မိုးကြိုးစစ်ကွင်းကြောင့် ခါးအောက်ပိုင်းဒဏ်ရာရရှိသူ (၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်တိတိအား (၂၃-၄-၂၀၂၀) ရက်နေ့ (၁၃:၂၀)အချိန်တွင် ဖောင်းပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် သေဆုံးသူ၏မိခင်နှင့် ဒဏ်ရာရရှိသူ ၏ အစ်ကိုထံ မြို့နယ်ထွေအုပ်မှ တစ်ဆင့်လွဲ ပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #sgg_ apr 2020

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ သံလိုက်ကျေးရွာအုပ်စု၊ ကံကွင်းကျေးရွာတွင် နံနက် (၁၀:၀၀)နာရီ အချိန်၌လည်းကောင်း၊ အရှေ့ကွင်းကျေးရွာတွင်(၁၂:၀၀)နာရီအချိန်၌လည်းကောင်၊ ဝဲကြီးကျေးရွာတွင် (၁၃:၃၀) နာရီအချိန်၌လည်းကောင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို  ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြေင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊‌ မင်းဆယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၅) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ apr 2020

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ် ကျေးရွာအုပ်စုအတွင်းရှိ ထီပါလယ်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ အုတ်ပုံချောင်းကျေးရွာနှင့် မြို့ချောင်းကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19 နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအား အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့် လည်းကောင်း လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပညာရေးမှူး၊ စည်ပင်သာယာရေးဌာန၊ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ဟိုပန်မြို့မဈေးကြီးတွင် လတ်တလောဖြစ်ပွားနေသော covid-19နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်း၊ လက်ဆေးဆပ်ပြာများဝေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေခြင်း၊ Masksများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020

Sign Up

Upcoming Events