Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ် ကျေးရွာအုပ်စုအတွင်းရှိ ထီပါလယ်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ အုတ်ပုံချောင်းကျေးရွာနှင့် မြို့ချောင်းကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19 နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအား အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့် လည်းကောင်း လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_apr2020

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events