လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ မိုးသီးကြွေကျပြီးမိုးကြိုးပစ်ခတ်မှုကြောင့် ဖောင်းပြင်မြို့နယ်၊ အောက်တောင်းကျေးရွာအုပ်စု၊ ကံထူးချောင်ကျေးရွာနေ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် မိုးကြိုးစစ်ကွင်းကြောင့် ခါးအောက်ပိုင်းဒဏ်ရာရရှိသူ (၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀/-)ကျပ်တိတိအား (၂၃-၄-၂၀၂၀) ရက်နေ့ (၁၃:၂၀)အချိန်တွင် ဖောင်းပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် သေဆုံးသူ၏မိခင်နှင့် ဒဏ်ရာရရှိသူ ၏ အစ်ကိုထံ မြို့နယ်ထွေအုပ်မှ တစ်ဆင့်လွဲ ပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#sgg_ apr 2020