Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပညာရေးမှူး၊ စည်ပင်သာယာရေးဌာန၊ ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ဟိုပန်မြို့မဈေးကြီးတွင် လတ်တလောဖြစ်ပွားနေသော covid-19နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်း၊ လက်ဆေးဆပ်ပြာများဝေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေခြင်း၊ Masksများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_ apr 2020

Sign Up

Upcoming Events