Author Archives: Department of Disaster Management
-
Covid19 အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၂၃-၄-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့အတွင်း အမှတ်(၂၊ ၄၊ ၅)ရပ်ကွက်၊ ဖလူးကျေးရွာ၊ ကျောက်ခတ်ကျးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာတို့မှ ပြည်သူများအား Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများအား သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ (၁၂:၀၀) အချိန် တွင် ဝန်းသိုမြို့နယ်၊ တတ်လွင်ကျေးရွာအုပ်စု၊ တတ်လွင်ကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ ကျောက်တော ကျေးရွာသို့ အိမ်ထောင်စု (၁)စုလျှင် သောက်သုံးရေးသန့် (၂၀)လီတာ ပါဘူးကြီး(၅)ဘူးနှုန်းဖြင့် အိမ်ထောင်စု (၉၆)စု၊ လူဦးရေ (၅၂၄) ဦးအတွက် ရေသန့်ဘူးကြီး (၄၈၀) ဘူးတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိဿလင်းကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် (၂၀-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် Family kits (၁)ပုံး အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ် ၊ လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်နှင့် မီးဘေးကြောင့် ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀/-) ကျပ်တို့ကို (၂၃-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီ … Read more
-
Covid- 19 ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ကျောင်းရွာကျေးရွာအုပ်စုရှိ ကျောင်းရွာကျေးရွာ၊ ကမ္ဘားနီကျေးရွာ၊ ကျွန်းမကြီးကျေးရွာ၊ မိဖုရားချိုင့်ကျေးရွာနှင့် သရက်ချဥ်ကျေးရွာ၊ ကုန်းရွာကျေးရွာအုပ်စုရှိ ကုန်းရွာကျေးရွာ၊ ကျစ်ပြင်ကျေးရွာနှင့် ငချဥ်ချောင်းကျေးရွာတို့တွင် လှည့်လည် ၍ Covid- 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 … Read more
-
ဗန်းမော်မြို့နယ်အတွင်း IDPs စခန်းများ၌ ဆပ်ပြာခဲများနှင့် Mask များထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ နှစ်-၂၀၀၀ IDPစခန်းရှိ အိမ်ထောင်စု(၂၃၆)စုစာအတွက် ဆပ်ပြာခဲ(၄၇၂)ခဲ၊ mask (၄၇၂)ခု၊ လီဆူနှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၁၁၃)စုစာအတွက် ဆပ်ပြာခဲ(၂၂၆)ခဲ၊ mask (၂၂၆)ခု၊ ရောဘက် IDPစခန်းရှိ အိမ်ထောင်စု(၆၂၈)စုစာအတွက် ဆပ်ပြာခဲ(၁၂၅၆)ခဲ၊ mask (၁၂၅၆)ခု၊ ဖန်းခါးကုန်း IDPစခန်းရှိ အိမ်ထောင်စု(၉၇)စုစာအတွက် ဆပ်ပြာခဲ(၁၉၄)ခဲ၊ mask (၁၉၄)ခုနှင့် ထွယ်ဆန် IDPစခန်းရှိ အိမ်ထောင်စု(၃၇)စုစာ ဆပ်ပြာခဲ(၇၄)ခဲ၊ mask (၇၄)ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၀၉:၄၅)အချိန်၌ တောင်ကြီးမြို့၊ နောင်ခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့ မီးဘေးသင့်ခဲ့ရာ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၄,၂၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု အတွက် (၄၆,၃၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးတို့ကို (၂၃-၄-၂၀၂၀)ရက်နေ့ (၁၄:၀၀) အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #shn_apr2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစု (အရှေ့) ကျေးရွာ၊ ရှမ်းစု (အနောက်) ကျေးရွာ၊ ကန်လှကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ညောင်ပင်သာ ကျေးရွာနှင့် တလုပ်ပင်ကျေးရွာအုပ်စု၊ ကန်ဘေးကျေးရွာ၊ တလုပ်ပင်ကျေးရွာနှင့် ရွှေကျင်ကျေးရွာများ အတွင်းရှိ ပြည်သူများသို့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ဆူးရစ်တန်းကျေးရွာ၌ ရေရှားပါးသောကြောင့် သောက်သုံးရေဂါလန် (၁၆၀၀) ကိုဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကျေးရွာများအတွင်း၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၄၉)လုံး၊ အိမ်ထောင်စု(၄၉)စုမှ လူဦးရေ(၂၅၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၃၇,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၆၀,၀၀၀/-) ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သပြေလှကျေးရွာ၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်တို့ကို သပြေလှကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
