လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကျေးရွာများအတွင်း၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့်  အမိုးလန်ပျက်စီးနေအိမ်(၄၉)လုံး၊ အိမ်ထောင်စု(၄၉)စုမှ လူဦးရေ(၂၅၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၃၇,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၆၀,၀၀၀/-) ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_apr2020

Source:           ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events