မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၀၉:၄၅)အချိန်၌ တောင်ကြီးမြို့၊ နောင်ခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့ မီးဘေးသင့်ခဲ့ရာ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၄,၂၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု အတွက် (၄၆,၃၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးတို့ကို (၂၃-၄-၂၀၂၀)ရက်နေ့ (၁၄:၀၀) အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_fir

#shn_apr2020

 

 

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events