Author Archives: Department of Disaster Management
-
Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ ညနေ(၁၄:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျးရွာ၊ ကြို့ကုန်းကျးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ကုန်းသာကျးရွာများအတွင်းရှိပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_ apr 2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ မင်းဘူးစု ကျေးရွာအုပ်စု၊ ရေနံချောင်းရွာသစ်ကျေးရွာတွင် (၂၅-၄-၂၀၂၀) ရက်နေ့(၁၅:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လေဘေးသင့်ခဲ့သော အိမ်ခြေ (၁)လုံး၊ လူဦးရေ(၃)ဦးတို့အတွက် အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပုံး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်အားလည်းကောင်း၊ လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက် ကျေးရွာအုပ်စု၊ ဖိုးငြိမ်းစုကျေးရွာတွင် (၂၅-၄-၂၀၂၀) ရက်နေ့ (၁၆:၁၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၆)လုံး၊ လူဉီးရေ(၂၆)ဉီး၊ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာ၌ ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၀)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃၂၁၀၀၀)ကျပ်ကို (၂၇-၄-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_apr 2020
-
COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ (၂၇-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ညောင်လန်းကျေးရွာအုပ်စု အတွင်းရှိ နွားရေကျော်ချောင်းဝကျေးရွာ၊ ကညင်ခဲကျးရွာ၊ ညောင်တုံးစုကျေးရွာနှင့် ကညင်တပင်ကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19 နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ (၀၉:ဝ၀)အချိန်မှ (၁၃:ဝဝ)အချိန်ထိ ရေမျက်အုပ်စု၊ ပြည့်အိုင်ကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ညောင်ပင်လှအုပ်စု၊ ညောင်ပင်လှကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_ apr 2020
-
Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့၊ ပန်လော့ကျေးရွာတွင် လတ်တလော ဖြစ်ပွားနေသော covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြစ် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လေဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ မုန်တိုင်းဘေး ပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် လေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ မကျည်းကန်ကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး ပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာ၊ ပန်းတင်ကျေးရွာနှင့် တုံးပုံကျေးရွာများအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးချင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_ apr 2020
-
COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၇-၄-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ်၊ မန်ဖွယ်ကျေးရွာ၊ လယ်ကြီးကျေးရွာနှင့် အထက်မန်ကျည်းပင်ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
