လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၇-၄-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ်၊ မန်ဖွယ်ကျေးရွာ၊ လယ်ကြီးကျေးရွာနှင့် အထက်မန်ကျည်းပင်ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)